Monday, May 27, 2019

အေဂျက် လူငယ်ကြယ်ပွင့် ဒီလစ်ကို မန်ယူအသင်း ပေါင်သန်း ၇ဝ ဖြင့် စတင်ကမ်းလှမ်း

 မန်ယူအသင်းသည် ရီးယဲလ်၊ ဘာစီလိုနာ အပါအဝင် ဥရောပထိပ်တန်းအသင်းများစွာ အလိုရှိနေသောအဂျက် လူငယ်ကြယ်ပွင့် မက်သစ်ဒီလစ်ကို ပေါင်သန်း ၇ဝ နှင့် စတင် ကမ်းလှမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ဒီလစ်သည် ယခုရာသီတွင် အေဂျက်အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်စေ ရန်ဦး ဆောင် ကစားပေးသူဖြစ်ပြီး ဗဟိုခံစစ်တွင် လက်ရှိ အကောင်းဆုံးကစားနေသည့် ကစားသမားဖြစ်သောကြောင့် အသင်းများ စွာက အလိုရှိနေခြင်းဖြစ်သည်။ ဘာစီလိုနာ အသင်းသည် ဒီလစ်၏ အသင်းဖော် ဖရန်ကီဒီဂျောင်ကို ခေါ်ယူ ရရှိထားသည့်အတွက် ဒီလစ်ကိုပါ ဆက်လက် ခေါ်ယူရန် ကြိုးစားနေခြင်းဖြစ် သည်။ ဒီလစ်အတွက် အေးဂျင့် ရွိုင်အိုလာက ကစားသမားအတွက် တစ်ပတ် လစာအဖြစ် ပေါင်သုံးသိန်းခွဲ အထိ တောင်းဆိုနေကြောင်း သိရသည်။
Disqus Comments